ရဲဇော်လင်း


Join the forum, it's quick and easy

ရဲဇော်လင်း

Current date/time is Sun Nov 24, 2024 7:39 pm


  • Forum
    Topics
    Posts
    Last Posts
  • 0 Topics
    0 Posts
  • 1


    0 Topics
    0 Posts
  • 2


                                            ရီးစားစာ     




     dgjဒီရည်းစား စာလေး ကိုဖတ်ကြည့်လိုက်ပါဦး သူငယ်ချင်းတို့ရေ … ဒါက ကောင်လေး
    တစ်ယောက်က သူ့ချစ်သူ ကောင်မလေးဆီကို ပို့တဲ့ စာလေးပါ …… ကောင်မလေးအဖေက
    သူတို့နှစ်ယောက်ကို သဘောမတူဘူးလေ….

    သူတို့ နှစ်ယောက်ရဲ့ ချစ်ခြင်းကို ခွဲဖို့ ကြိုးစားနေတယ်ပေါ့
    …..ကောင်မလေးဆီရည်စားစာ ပို့ရင်လည်း သူမ အဖေ က ကြားကနေ ခိုးဖတ်ဦးမှာ
    သိနေတယ်…….. ဒီတော့ ဘယ်လိုလုပ်ရမလဲ ….. မတတ်နိုင်ဘူးလေ…
    အဖေအကြိုက်ရေးပေးရမလား??? ချစ်သူလေးအကြိုက် ရေးပေးရမလား????

    ကောင်လေးတွေရေ …ဒီလိုအခြေအနေမှာဆို ဘယ်သူ့အတွက်ရေးမလဲ???

    ကောင်မလေးတွေရော …… ဒီလိုစာမျိုး ကိုယ့်ချစ်သူက ကိုယ့်အတွက်ပေးတယ်ဆို
    ဘယ်လိုခံစား ရမလဲ ..ဟုတ်သော်ရှိ.. မဟုတ်သော်ရှိ… ကဲ …
    အရင်ဖတ်ကြည့်လိုက်ပါဦးနော်…..

    ၁. ကောင်မလေးရေ ….

    နင့်အတွက် ဖြစ်တည်တဲ့ ငါ့ရဲ့ ချစ်ခြင်းတွေက

    ၂.သေဆုံးသွားပြီဟာ… နင့်အပေါ်မချစ်မနှစ်သက်မှုတွေကသာ

    ၃. နင့်ကို တွေ့ရတဲ့ နေ့ရက်တွေတိုင်းမှာ ပိုပို တိုးပွားလာတယ်

    ၄. နင့်မျက်နှာကို တောင် မကြည့်ချင်လောက်အောင် ဖြစ်နေပြီကွာ

    ၅.ငါ အဖြစ်ချင်ဆုံးတစ်ခုတည်းသောဆန္ဒက

    ၆. (နင့်ကလွဲပြီး) တခြားမိန်းကလေးတွေကို ပဲကြည့်နေချင်တော့ တယ်…. ငါဘယ်တော့မှ မလုပ်ချင်တဲ့အရာကတော့

    ရ. နင့်ကို လက်ထပ်ရမှာကိုပါ… ငါတို့နောက်ဆုံးတွေ့ဖြစ်ကြတဲ့အခေါက် ပြောခဲ့တဲ့စကားတွေက

    ၈. တော်တော်ကိုစိတ်ပျက်ဖို့ကောင်းတယ်ကွာ…. ကောင်မလေး …ငါဘဝမှာ သေဆုံးသွားတဲ့အရာက

    ၉. နင့်ကို အမြဲတွေ့ချင်တဲ့ မျှော်လင့်ခြင်းတွေပဲလေ…..

    ၁၀. မင်းက မင်းအဖို့ပဲသိတဲ့ သူ

    ၁၁. တကယ်လို့သာ ငါတို့လက်ထပ်မယ်ဆိုရင်… ငါသိတယ် ငါတွေ့ရမယ့်

    ၁၂. ဘဝရဲ့ ခက်ခဲခါးသီးမှု… သေဆုံးနိုင်မယ့်

    ၁၃. ပျော်ရွှင်ခြင်းတွေ ..(မင်းနဲ့ အတူတူနေရင်းနဲ့ပေါ)့ .. ငါနှလုံးသားထဲက တစ်ခုတည်းသောအချစ်

    ၁၄. နင့်အတွက် လုံးဝ မဖြစ်နိုင်တော့ဘူးဆိုတဲ့ အသိ ကိုပဲ

    ၁၅. နင့်ကို ထာဝရ ပေးချင်တယ်… ဘယ်သူကမှ နင့်လောက်

    ၁၆. မမိုက်မဲဘူး ..တစ်ကိုယ်ကောင်မဆန်ဘူး …ပြီးတော့ နင်

    ၁၇. ငါ့ ကို ဂရုမစိုက်ဘူး .. မကူညီနိုင်ဘူး

    ၁၈. နင် အရိုးရှင်းဆုံး နားလည်ထားဖို့က

    ၁၉. ငါ အမှန်တွေကိုပဲ ပြောတတ်တယ် ကောင်မလေးရယ် …ဒီတော့ ကျေးဇူးပြုပြီး ငါ့ကို ကူညီပါ….

    ၂၀. ငါတို့ဇာတ်လမ်းပြီးဆိုတာကို နင့်သိနေပြီဆိုမှတော့ ထပ်တွေ့ရဖို့.. စာတွေပို့ဖို့ .. မကြိုစားပါနဲ့တော့ဟာ….

    ၂၁. နင်ရဲ့ပြန်စာတွေထဲက စကားလုံးတိုင်းဟာ

    ၂၂. ငါ့အတွက် စိတ်ဝင်စား ဖို့ လုံးဝမကောင်းတော့ဘူး … မင်းမှာမရှိနိုင်တဲ့အရာက

    ၂၃. ငါမျှော်လင့်တဲ့ အချစ်စစ် စစ် တွေ ပဲ ကောင်မလေးရေ… … အကြွင်းမဲ့ယုံပါတော့ကွာ ….

    ၂၄. ငါ နင့်ကို ဘယ်လိုမှ ခံစား လို့မရဘူးတော့ဘူးဆိုတာကိုပေါ့... ကျေးဇူးပြုပြီး ဆက်တွေး မနေနဲ့ဦးနော်

    ၂၅. ဘာတွေဘယ်လိုဖြစ်ဖြစ် ငါက မင်းရဲ့ ချစ်သူ အဖြစ် ရှိနေသေးတယ်လို့ … Bye …



    သိပ်ဆိုးတဲ့ စာဆိုပြီး .. စိတ်ဆိုးမယ် မကြံနဲ့ လေကွယ် …… ဟဲဟဲ

    ကောင်လေးက စာမပေးခင် ကောင်မလေးကို ပြောခဲ့ပါတယ် … "မ"ဂဏန်းကျတဲ့
    စာကြောင်းတွေပဲ ဖတ်ပါတဲ့ (၁. ၃. ၅. ၇. ၉. ၁၁. ၁၃. ၁၅. ၁၇. ၁၉. ၂၁. ၂၃. ၂၅)
    ….. အဲဒါတွေက ကောင်မလေးအတွက် ပေါ့ …..ပြန်ဖတ်လိုက်ပါဦး ….
    ဘယ်လောက်ချိုတဲ့ အချစ်တွေလည်းဆိုတာ သိသွားအောင်……

    နှစ်ခါဖတ်ရလို့ စိတ်မဆိုး ရဘူးနော်… အလွတ်ရအောင် ကျက်တယ်လို့ ပဲမှတ် …



    0 Topics
    0 Posts
  • 3


               အချစ်ကိုလေ့လာခြင်း



    1 Ego Love

    ဒီအမျိုးအစားက တော့ အတ္တဆန်တဲ့အချစ်မျိုးလို့ပြောလို့ရပါတယ်....
    အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလို့ သတ်မှတ်ထားတဲ့သူတွေပေါ့...
    ကိုယ်ချစ်တဲ့သူကို...ကိုယ့်ဘေးမှာပဲခေါ်ထားချင်တယ်...မျက်စိအောက်ကအပျောက်မခံချင်ဘူး...
    သ၀န်တိုနေတယ်...ချစ်သူကကိုယ့်ကိုပဲ ကရုစိုက်စေချင်တယ်ဆိုရင်....အဲဒါ ego love ဖြစ်နေပါပြီ...
    အဲဒီလိုလူတွေက...ချစ်သူကို စိတ်ဆိုးလွယ်တယ်...
    သူက ငါ့ကို ငါချစ်သလောက်မချစ်ဘူးဆိုတဲ့အတွေးမျိုး.. ခဏခဏ၀င်တတ်ပါတယ်...
    အမှားဆိုရင် သေးသေးလေးတောင် သည်းမခံတတ်ကြပါဘူး....
    အချစ်ကြီးပြီး အမျက်ကြီးတယ်ဆိုတဲ့လူစားမျိုးတွေလဲပါတယ်ပေါ့...









    2. One-sided Love


    ဒီအမျိုးအစားက...ကိုယ်ကပဲချစ်နေချင်တယ်......
    အရာရာပေးဆပ်နေချင်တယ်......
    အကောင်းဆုံးတွေလုပ်ပေးချင်နေတယ်......
    ဒါပေမယ့် တစ်ဖက်လူက,,, ကိုယ်လုပ်ပေးနေတာတွေကို လိုချင်ရဲ့လားဆိုတာ...ဘယ်တော့မှမစဉ်းစားပါဘူး...
    အဲဒါကြောင့် တစ်ခါတစ်ခါ...တစ်ဖက်လူက
    စိတ်ကျဉ်းကျပ်တာတွေ...စိတ်ရှုပ်တာတွေခံစားရတတ်ပါတယ်...








    3. Blind Love

    ဒီလိုအချစ်အမျိုးအစားကို...စိတ်ကစားတာလို့လဲခေါ်နိုင်ပါတယ်...
    အချစ်မှာမျက်စိမရှိဘူးလို့ပြောနေကြတဲ့သူတွေပေါ့...
    အရာရာကို ရင်ဆိုင်ရဲလာမယ်....သူ့အတွက်နဲ့ အရာရာကိုစွန့်လွှတ်ရဲတဲ့စိတ်တွေဝင်လာမယ်...
    ဒါဆိုရင် blind love ဖြစ်နေပါပြီ...ဖြစ်သင့်မဖြစ်သင့်...လုပ်သင့်မသင့်တွေလဲမစဉ်းစားမိတော့ဘူးလေ....
    ဒါပေမယ့် ဒီလိုအချစ်မျိုးက ကြာကြာမခံပါဘူး....
    အချစ်တွေပျောက်သွားတဲ့အချိန်မှ...ကိုယ်လုပ်မိတာတွေအတွက်..နောင်တရနေတတ်ပါတယ်..








    4. True love

    နောက်ဆုံးအမျိုးအစားပါ....မေတ္တာလို့လဲခေါ်နိုင်တယ်ပေါ့.....အေးချမ်းတဲ့အချစ်လို့ပြောလို့ရပါတယ်...
    ပေးဆပ်ခြင်းနဲ့လဲ မကျေကွဲရဘူး....ရယူလိုခြင်းအတွက်လဲ မပူလောင်ရတဲ့အချစ်မျိုးပါ....
    ဒီလိုအချစ်မျိုးကတော့....အင်မတန်ရှားပါတယ်...
    လူတစ်ယောက်ကို....တစ်ခြားဘာကိုမှမကြည့်ပဲ....သူဖြစ်နေတဲ့အတွက်ချစ်နေတဲ့အချစ်မျိုးပါ....
    အသဲကွဲတယ်ဆိုတာလဲမရှိဘူး....
    သူနဲ့မပေါင်းရလဲ...ဘာမှမဖြစ်ပဲ...တစ်သက်လုံး...စိတ်ထဲမှာထားပြီး....
    ချစ်သွားနိုင်တဲ့အချစ်မျိုးပါ....အဲဒါကြောင့် တစ်ချို့က ၅၂၈ မေတ္တာနဲ့တောင် မှားတတ်ကြပါတယ်....

                              အမှားပါရင်လည်း ခွင့်လွပ်ပါလို့ တောင်းပန်ပါတယ်


















    0 Topics
    0 Posts
  • 4


                                           အတိုလေး
    ရွာတစ်ရွာတွင် လင်မယားနှစ်ယောက်ရှိလေသည်။ ယောင်္ကျားဖြစ်သူမှာ ကာမစိတ် အလွန်ထန်သောကြောင့် မိန်းမ ဖြစ်သူမှာ နေ့စဉ်စိတ်ညစ်နေရ လေသည်။ တစ်နေ့တွင် သည်းမခံနိုင်တော့ သဖြင့် မိန်းမဖြစ်သူက ယောင်္ကျားကို ပြဿနာ ရှာလေသည်။

    မိန်းမ။ ။ ရှင်နော်.. အားအားရှိ ဒါပဲလုပ်ဖို့ စဉ်းစားနေတော့တာပဲ။       

    ယောင်္ကျား။ ။ နင့်အတွက်လုပ်ပေးနေတာပဲ။ နင်ကဘာဖြစ်လို့ ဒီစကားကို အခုမှပြောရတာလဲ။

    မိန်းမ။ ။ ရှင်များ တစ်နေ့နေ့ လျှော့မလားလို့ စောင့်ကြည့်နေတာ။ အခုတော့ သည်းမခံနိုင်တော့ ဘူး။ ညတိုင်းအိပ်ရတယ်ကိုမရှိဘူး။ တော်က လွန်ကို လွန်လွန်းတယ်။

    ယောင်္ကျား။ ။ သြော်…မင်းက ဒီလိုလား။ မင်း ဒီလောက်တောင်ဖြစ်နေရင် ငါ့ဟာကိုငါကိုယ်တိုင် ဖြတ်ပစ်လိုက်တော့မယ်။

    မိန်းမ။ ။ အောင်မလေးတော်….ဝမ်းနည်းမယ်ထင်လို့လား….ကျုပ်က ပျော်တောင်ပျော်သေးတယ်။

    ယောင်္ကျား။ ။ ဒါဆိုလည်း ပြီးတာပဲ။

    ဟုဆိုပြီး မီးဖိုချောင်ထဲသို့သွားကာ ဓါးတစ်ချောင်းကိုယူပြီး တဒုတ်ဒုတ်နှင့် ခုတ်နေပါတော့သည်။ ခုတ်နေနေတဲ့  ပုံ
    ဒါနဲ့ နောက်တစ်ညတွင် မိန်းမဖြစ်သူက ပြုံးစိစိနှင့် ယောင်္ကျားကိုကြည့်ကာ သဘောကျနေလေသည်။ ဒုတိယနေ့…….တတိယနေ့……..ဘာမှမထူခြာသေးပါ။ သို့သော် …. စတုတ္ထနေ့ တွင်

    မိန်းမ။ ။ ယောင်္ကျား….ရှင်တကယ် ဖြတ်လိုက်ပြီိလား။

    ယောင်္ကျား။ ။ နင်မှမလိုချင်တာ ငါတကယ်ဖြတ်လိုက်တာပေါ့ဟ။

    ယောင်္ကျား၏စကားကြောင့် မိန်းမဖြစ်သူမှာ မစားနိုင် မအိပ်နိုင်ဖြစ်နေလေသည်။ ဤတစ်ကြိမ်တွင်ပြုံးစိစိဖြစ်နေသူမှာ ယောင်္ကျားဖြစ်လေသည်။ မိမိဟန်ဆောင်သည်ကို မသိသောမိန်းမ….သူတောင်းမှပေးမည်ဟုစိတ်ထဲတွင် ကြိတ်၍ ကြံနေတော့သည်။ ပဉ္စမနေ့ တွင်မိန်းမဖြစ်သူမှာ ယောင်္ကျားအနားသို့ ကပ်သွားပြီး ပြောလိုက်သော စကားကြောင့် ယောင်္ကျားတို့၏ မာန ပြန်လည်ထောင်မတ်လာပါတော့သည်။
    မိန်းမ။ ။ မောင်….အတိုလေးမှ …….မကျန်တော့ဘူးလား ဟင်…။

    0 Topics
    0 Posts
  • 5


                                             ဥပဒေသစ်
    နိုင်ငံတော် အစိုးရမှ ဥပဒေသစ်တရပ်ကို ထုတ်ပြန်ကြေငြာ



    ငါးနှစ်အတွင်းမှာ အကြင်လင်မယားတိုင်း ရင်သွေးတယောက် ရရှိထားပြီး ဖြစ်ရပါမယ်
    တဲ့။ ဒီတာဝန်ကို မကျေပွန်ခဲ့ရင် သက်ဆိုင်ရာမှ ကြီးကြပ်၍ ယောက်ျားတယောက်ကို
    စေလွှတ်ကာ ထိုအိမ်ထောင်ရှင်မအား မိခင်တယောက် ဖြစ်လာစေရေးအတွက် လိုအပ်သည်များကို
    တာဝန်ယူ ဆောင်ရွက်ပေးမှာ ဖြစ်ပါသတဲ့။

    ငါးနှစ်မြောက် မင်္ဂလာနှစ်ပတ်လည် ကျင်းပပြီး နောက်တနေ့မှာ တော့ အခုထိ နိုင်ငံတော် အစိုးရမှ ဥပဒေသစ်တရပ်ကို ထုတ်ပြန်ကြေငြာလိုက်ရာဝယ်… လက်ထပ်ထားပြီး

    ကလေးမရသေးတဲ့ အကြင်စုံတွဲဟာ ဒီကိစ္စကို စဉ်းစားရတော့တာပေါ့…

    ယောက်ျားလုပ်သူက…

    "မိန်းမရေ… ကိုယ်ကတော့အလုပ် သွားရတော့မယ်ကွာ။ ဒီကနေ့ သက်ဆိုင်ရာ ရုံးချုပ်က
    လွှတ်တဲ့လူ လာလိမ့်မယ် ထင်တယ်။ ဘယ်တတ်နိုင်မှာလဲ အချစ်ရာ။ ကိုယ်ကမှ
    အဖြစ်မရှိခဲ့တာကိုး။ မင်းသာ ဖြစ်လာသမျှကို သတ္တိရှိရှိနဲ့ ရင်ဆိုင်ပေတော့။
    ကိုယ်သွားတော့မယ်ကွာ… "

    အဲဒီလိုပြောပြီး ခေါင်းကိုငိုက်စိုက်ဆွဲ… မျက်လွှာကို အောက်ကိုချပြီး
    စိတ်ဓာတ်ကျစွာနဲ့ပဲ အိမ်ကနေ ထွက်သွားတော့တယ်။ သူ့အမျိုးသမီးကတော့
    အိမ်မှုကိစ္စတာဝန်တွေကို ဆက်လုပ်နေတာပေါ့။

    ခဏနေတော့ အိမ်ရှေ့ကနေ ခေါင်းလောင်းသံ ကြားလိုက်ရတယ်။ တံခါးဝမှာ စောင့်နေတဲ့သူက
    သက်ဆိုင်ရာက လွှတ်လိုက်တဲ့ လူမဟုတ်ပါဘူး။ မွေးကင်းစအရွယ် ကလေးလေးတယောက်ကို
    ဓာတ်ပုံရိုက်ပေးဖို့ လာရင်း အိမ်နံပါတ်မှားပြီး ရောက်လာတဲ့ ကင်မရာမင်း
    တယောက်ပါ။

    အမျိုးသမီးက တခါးဖွင့်လိုက်ချိန်မှာပဲ ဓာတ်ပုံဆရာက စပြောပါတယ်…

    "မင်္ဂလာရှိသော နံနက်ခင်းပါခင်ဗျာ။ ကျွန်တော် လာရင်းကိစ္စကတော့… "

    "သိ.. သိ.. သိပါတယ်ရှင့်… ဦး.. အဲ ကိုဘယ်သူ… "



    "ကျနော့်နာမည် ဝေယံ လို့ ခေါ်ပါတယ် ခင်ဗျာ… ကျွန်တော် အထူးပြုထားတဲ့
    အလုပ်အကိုင်က… "

    "သိ.. သိပြီးသားပါရှင်… ခဏထိုင်ပါဦး "

    "ခင်ဗျား အမျိုးသားလဲ သဘောတူမယ် ထင်ပါတယ်ဗျာ… "

    "ဟုတ်တယ်ရှင့်.. ဒီမနက်ပဲ ကျမတို့ ဒီအကြောင်း ပြောဖြစ်ကြတာပါ… ဒီကိစ္စကို
    ဒီအိမ်ထဲမှာပဲ ရှင်းဖို့ မှာသွားပါတယ်။ "

    "ဟုတ်ကဲ့ခင်ဗျာ… အဆင်သင့်ဖြစ်ရင် အခုပဲ စလိုက်ကြရအောင်လေ။ "

    "ဟို… ဟိုလေ… ကျမက ဒါမျိုးတွေ အတွေ့အကြုံမရှိဖူးတော့ ဟိုဒင်း… ဘယ်ကဘယ်လိုစရမယ်
    မသိဘူးနော်…"

    "ဒီကိစ္စအတွက်တော့ ကျနော့်ကို အားကိုးစမ်းဘာဗျာ…။ အင်း… ကျနော့်အထင်တော့
    ဒီဆိုဖာပေါ်မှာရယ်… ဟောဟိုက စာကြည့်စားပွဲဘေးမှာရယ်… ရေချိုးခန်းထဲမှာ..
    အင်္ကျီဗလာနဲ့။ ဒီကော်ဇောပေါ်မှာ ဆိုရင်တော့ ဘောင်းဘီတို ဒါမှမဟုတ် အပေါ်က
    အဝတ်တထည်တော့ ဝတ်ထားမှ ကောင်းမယ်ဗျ။ "

    "ဘုရား..ဘုရား… အဲလောက်ကြီးတောင်လား… "

    "ဟုတ်တယ်လေဗျာ။ တခေါက်ထဲနဲ့တော့ ဘာပုံထွက်လာမလဲမှ မသိနိုင်တာ။ ပုံစံ
    ခြောက်မျိုးလောက်ဆိုတော့ စိတ်ချရတာပေါ့ အမကြီးရာ။ "

    "ကျမတောင်းပန်ပါတယ်ရှင်… အခုကြားရသမျှကတော့ ဘယ်လိုမှ မအပ်စပ်လို့ပါ။ "

    "ဒီလိုပေါ့ဗျာ… ဘာကိုမှ ချုပ်တီးမထားဘဲ စိတ်လွတ်ကိုယ်လွတ် လွှတ်ပေးလိုက်တဲ့
    အခါကျတော့ အောင်မြင်မှုက ပိုပြီး ကြီးမားတတ်တယ် မဟုတ်လား… "

    "အရင်ဦးဆုံး ကျနော် ဖန်တီးခဲ့တဲ့ ပုံတွေကို ပြချင်ပါတယ်ဗျာ။ "

    "ရှင်ဖန်တီးခဲ့တာ… အင်း… ပြလေ… ရှင့်မှာ အချိန်ရှိတယ် မဟုတ်လား။ "

    "ဟာ… အလောသုံးဆယ် မလိုပါဘူးဗျာ။ ဒီအလုပ်မျိုး လုပ်တယ်ဆိုတာ မြန်မြန်ဆန်ဆန်
    ပြီးပြီးရော ဘယ်ရပါ့မလဲ… "

    (ပြောရင်း ဆိုရင်း ဓာတ်ပုံ အယ်လ်ဘမ်ကို ဖွင့်ပြပြီး)


    0 Topics
    0 Posts
  • 6


    "ဒီပုံကို ကြည့်ကြည့်ပါဗျာ။ ချစ်ဖို့ မကောင်းဘူးလား။ ဒီအတွက် ကျနော်
    လေးနာရီတိတိ အချိန်ပေးခဲ့ရတယ်။ ထွက်လာတဲ့ ရလဒ်က လှမှလှပဲလေ။ "

    "ဟင်းးးးးး (သက်ပြင်းတွေချလိုက် တံတွေးမြိုလိုက် လုပ်နေရင်း) ဟုတ်တယ်နော်
    ကလေးလေးက ချစ်စရာလေး… ဒါပေမယ့် လေးနာရီကြီးကတော့ မများဘူးလား ရှင်… "

    "ဒါပေါ့.. ဒါပေါ့… နားနားပြီး ဆက်လုပ်ရတာပေါ့… ကြည့်စမ်းပါဦးဗျာ.. ဒီအောက်က
    ပုံကိုကြည့်စမ်းပါ… အဲဒီတုန်းက ကျနော်က ဘစ်စ်ကား ခေါင်မိုးပေါ်မှာ…ဗျ။ "

    "ကားခေါင်မိုးပေါ်မှာ… အမေလေး… မကြားဖူးတာတွေ ကြားနေရတယ်… ထူးဆန်းပါပေ့ရှင်။ "

    "ဒီလိုဗျ… အမျိုးသမီးတယောက်… သူကလဲ ကျနော့် အလုပ်အကိုင်ကို သိတယ်..
    ယုံကြည်တယ်.. အားကိုးတယ်ပေါ့ဗျာ… သူက သူ့အမျိုးသားကို အထူးအဆန်း
    ပြချင်လို့ဆိုပြီး ကျနော့်ကို အလုပ်လာအပ်တာပေါ့… အတွေ့အကြုံရှိနေတော့လဲ
    မခက်ပါဘူးလေ။
    အဲဒီအခေါက်က အလုပ်သဘောအရ ဆိုပေမယ့် ကျနော်က တကယ့်ကို စေတနာနဲ့ စိတ်နှစ်ပြီး
    ကြိုးစားပေးခဲ့တာဗျ။ "

    "ဟော.. ဟောဟိုပုံကိုကြည့် အဲဒါက ပန်းခြံထဲမှာ… "

    "ပန်းခြံထဲမှာဆိုတာက… လူတွေနဲ့လေ။ လူရှေ့သူရှေ့လဲ အလုပ်ဖြစ်တယ်.. ဟုတ်လား။
    သူများတွေက ဝိုင်းကြည့်နေမှာပေါ့။ "

    "လူတွေကြည့်တာ မကြည့်တာ ဂရုမစိုက်ပါဘူးဗျာ… ကုန်ကုန်ပြောမယ်… ကျနော်က
    လူတမျိုးဗျ။ လူတွေ ဝိုင်းအုံကြည့်လေ ကျနော့်ရဲ့ အရည်အသွေးတွေက
    တောက်ပြောင်လေပဲ…။ အဲဒီတခေါက်ကတော့… ဘယ်လိုပြောမလဲ… အမေလုပ်သူက
    ဗီဒီယိုမင်းသမီးဗျ… သူက အဲဒီနည်းနဲ့ နာမည်ကြီးချင်တာလေ။ အဲဒီနောက်တော့ တကယ်လဲ
    ဟိုးလေးတကျော် ဖြစ်သွားတာပါပဲဗျာ။ "

    "ဗုဒ္ဓော… ဘုရား.. ဘုရား… "


    "ဟုတ်တယ်ဗျ… နေ့လည် နှစ်နာရီမှာ စလိုက်တာ ညနေ ငါးနာရီမှ ပြီးတယ်။
    အဲဒီတုန်းကလောက် တခေါက်မှ မပင်ပန်းဖူးဘူးဗျာ.. တကယ်ပါပဲ။ အဲဒီအချိန်က
    တုန်နေအောင် ချမ်းနေတဲ့ အချိန်ပေါ့။ လာကြည့်ကြတဲ့ လူတွေကလဲ ပြုံလို့ ခဲလို့…
    အထပ်ထပ် စုအုံနေတာတင် အဝိုင်းကြီး ငါးထပ်လောက်ရှိတယ်။ လူက တအားများလေတော့
    အလုပ်လုပ်ရတာလဲ သိပ် ခရီးမတွင်ဘူးလေ။ "

    "ရှင်တို့က လူအုပ်ကြီးရှေ့မှာ... အိုးရေးးးး အိုးးရေးးး "

    "ဘယ်နေရာကြည့်ကြည့် လူအုပ်ကြီးပဲ တွေ့ရတယ်။ ပရိတ်သတ်ကလဲ ပွဲကျပြီး
    လက်ခုပ်တွေဘာတွေ ဝိုင်းတီးပေးကြတာဗျ။ အဲဒီမှာ အမေလုပ်သူက စိတ်တွေတိုလာတာပါပဲ…
    ကျနော်ကိုယ်တိုင်ကပဲ ပွဲမပျက်အောင် ထိမ်းသိမ်းပေးခဲ့ရတာပေါ့။ နောက်တော့
    ရဲတွေရောက်လာပြီး ကျနော့်ကို လူကူရှင်းပေးတယ်… အမှန်က ကျနော်က နောက်ထပ်
    နှစ်ကွက် သုံးကွက်လောက် ဆွဲချင်သေးတာဗျ။ ဒါပေမယ့် ချမ်းကလဲ
    ချမ်းနေကြပြီဆိုတော့… (အယ်လ်ဘမ်ကို ပြန်ပိတ်၍ ပြော) ကဲ… အခုပဲ စကြမလား… ကျနော်
    ထောက်တံထုတ်လိုက်မယ်လေ… "

    "ပြောပြောဆိုဆို သူ့ရဲ့ ကင်မရာထောက်တဲ့ ထောက်ကို အိတ်ထဲကထုတ်ဖို့ ဇစ်ဆွဲသံလဲ
    ကြားလိုက်ရော… "

    အဲဒီအမျိုးသမီးလဲ နေရာမှာတင် မေ့လဲကျသွားပါလေရောဗျာ…

    0 Topics
    0 Posts
  • 7


    7
    ပျော်ရွင်ကြပါစေလို့  ဆုတောင်းလိုက်ပါတယ်

    0 Topics
    0 Posts
  • 8


                                             ကျွန်တော်

    ကျွန်တော်ဆိုတဲ့ကောင်က  အချစ်  ကို မယုံကြည်ဘူး ။  အချစ်အတွက်နဲ့  အသက်ကိုစွန့်တယ်  ဆိုတဲ့  သူတွေဟာ  ငတုံးတွေလို့ပဲ  ထင်တယ် ။  နောက်ပြီး... ကျွန်တော်က  ( သူတို့ကို သူတို့ ) အနှပညာရှင်လို့ ထင်နေကြတဲ့ နာမည်ကြီးချင်သူ
    တွေကိုလည်း  အယုံအကြည်မရှိဘူး .. ။ပါရမီအခံလေး  နည်းနည်း ပါးပါးနဲ့  ကံကောင်းနေကြတဲ့ လူညာတွေလို့ပဲထင်တယ်..။
    ကျွန်တော်က  ကောင်းတာလုပ်ရင်  ကိုယ့်အတွက်  ကောင်းကျိုးဖြစ်တယ်  ဆိုတဲ့  တရားသေနိယာမကိုလည်း  မယုံကြည်ဘူး ။
    ကိုယ်ကစေတနာနဲ့  အကောင်းလုပ်ပေမယ့်  ကိုယ်အတွက်  ဆိုးကျိုးတွေပဲ တန်ပြန်ရလာတာ  တစ်ပုံကြီး .. လေားကကြီးဟာ ဖြစ်ချင်သလို  ဖြစ်ပျက်နေတာပါ ။ 
    ပြီးတော့..အပြစ်ဒဏ်  ဆိုတာကိုလည်း  အယုံအကြည်မရှိဘူး..  စဉ်းစားကြည့်လေ..လူ့လောကရဲ့    ဥကဒေဟာ  ခိုးတဲ့သူကို  အဖြစ်ဒဏ်ပေးတာ  မဟုတ်ဘူး   ခိုးတာကိုမသွားတဲ့သူကို  မှ  မပြစ်ဒဏ်ပေးတာပါ ။
    နောက်ထပ်  အပြစ်ဒဏ်ပေးတာကို  အယုံအကြည်  မရှိသလိုပဲ   ဆုပေးခြင်း  ကိုလည်း  ကျွန်တော်  အယုံအကြည် မရှိပြန်ဘူး။
    ဂုဏ်ပြု  ချီးငြ့်တာနဲ့  မှမတူဘဲ  ဆုယူတဲ့  သူက  ခေါင်းကြီးငုံ့ပြီး   ယူရတယ် ။
                ရယ်စရာ မကောင်းဘူးလား...။
    လူတွေဟာ  ချစ်တယ်  ဆိုတဲ့  စကားလုံးကိုသုံးပြီး  တစ်ယောက်ကို  တစ်ယောက်  ချူပ်ချယ်ဖို့  ကြိုးစားနေကြတာပါ   ချစ်သူတွေ  ဖြစ်ကြတယ်  ဆိုတဲ့   အခြေအနေကို  အကြောင်းပြပြီး  အပြန်အလှန်  တောင်းဆိုမူတွေနဲ့  အကျပ်ကိုင်
    ကြတာပါ  ကိုယ့်ကို  ဂရုစိုက်ဖို့  တောင်းဆိုယ်   ကိုယ့်ကို  အချိန်ပေးဖို့   တောင်းဆိုမယ်.... လက်ထပ်ဖို့  တောင်းဆိုမယ်
    ချစ်တယ်  ဆိုတာ  လူတစ်ဦးချင်းစီရဲ့  လွတ်လပ်စွာ   ရှင်သန်နေထိုင်  ဆုံးဖြတ်နိုင်မူကို   ဝေါဟာရလှလှသုံးပြီး
                   ဓားပြတိုက်   လုယူလိုက်တာပါပဲ



    0 Topics
    0 Posts
Who is online?

In total there is 1 user online :: 0 Registered, 0 Hidden and 1 Guest
Most users ever online was 5 on Tue May 06, 2014 2:28 am

Registered Users: None


No users have a birthday today
No users are having a birthday in the upcoming 7 days

Legend : [ Moderators ]

Our users have posted a total of 0 articles

We have 3 registered users

The newest registered user is soeaungthu


  • New postsNew posts
  • No new postsNo new posts
  • Forum is lockedForum is locked